အချစ်စစ်ရဲ့ တန်ဖိုး

"အသက် ၂၉ နှစ်ရှိသော ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးမှသူအရမ်းချစ်မြတ်နိုးသော သူ့ ချစ်သူမိန်းကလေးကို ဆေးရုံမှာလက်ထပ်ခဲ့"
ပထမတော့ သူတို့ နှစ်ယောက်ဟာ (၈.၇.၂၀၁၄) ရက်မှာ မင်္ဂလာဆောင်ဖို့ အတွက် ဆုံးဖြတ်ခဲ့ကြပါတယ် ၊ အဲဒီနေ့ ဟာ ကောင်လေးရဲ့ အသက် ၃၀ ပြည့်နှစ်မွေးနေ့ နဲ့ တိုက်ဆိုင်နေတဲ့အတွက် ရွေးချယ်ခဲ့တာပါ ၊ ကံဆိုးတာက ကောင်လေးမှာ ကင်ဆာ ရောဂါဖြစ်ပွားနေတာပါပဲ ၊ ကောင်လေးမှာရှိနေတဲ့ ကင်ဆာဆဲလ်များဟာ သူ့ ရဲ့ တစ်ကိုယ်လုံးပျံ့ နှံ့ နေပြီး ကုသလို့ မရနိုင်တော့တဲ့ နောက်ဆုံးအခြေအနေထိရောက်နေပြီလို့ ပြောတဲ့အချိန်မှာတော့ ကောင်လေးဟာအရမ်းကိုဝမ်းနည်းသွားပါတယ်

သူခံစားနေရတဲ့ ရောဂါဝေဒနာဟာ နောက်ထပ်ရက်ကြာကြာမနေနိုင်တော့ဘူးဆိုတာကို သူလည်းသိနေပါတယ် ၊ သူ ချစ်လွန်းတဲ့ သူ့ ချစ်သူ ကောင်မလေးကို မစောင့်ရှောက်နိုင်တော့ဘူးဆိုပြီး သူအရမ်းဝမ်းနည်းပြီး ငိုနေရရှာတယ် ၊ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် သူတို့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း မင်္ဂလာဆောင်ဖို့  အစီအစဉ်ကို သူအသက်ရှင်ရန် ကျန်ရှိနေတဲ့ ၄၈ နာရီအတွင်းမှာ စီစဉ်လိုက်ပါတော့တယ် ၊ သူ့ ချစ်သူကောင်မလေးရဲ့ မိဘအသိုင်းအ၀ိုင်းများကလည်း မင်္ဂလာဆောင်အတွက် လိုအပ်သည်များကို ဆေးရုံမှာစီစဉ်ပေးကြပါတယ် ၊ ကောင်လေးကတော့ မင်္ဂလာအခမ်းအနား အတွက် လမ်းတောင်မလျှောက်နိုင်တော့ပဲ အားအင်ချိနဲ့ စွာနဲ့ အိပ်ယာ ပေါ်ကနေပဲ မင်္ဂလာပွဲကို သူ့ ချစ်သူကောင်မလေးနဲ့ နှစ်ယောက်အတူတူ ကျေကွဲ ၀မ်းနည်းစရာ မျက်ရည်ကိုယ်စီနဲ့ ကျင်းပခဲ့ရပါတယ် ၊ လာရောက်ခဲ့ကြတဲ့ မိတ်ဆွေအသိုင်းအ၀ိုင်းနဲ့ ဧည့်သည်များလည်း သူတို့ နှစ်ယောက်ကို ကြည့်ရင်း မျက်ရည်များ ကိုယ်စီကျလျက် ၊ အရမ်းဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ် ၊ မင်္ဂလာဆောင်ပွဲပြီး ၁၀ နာရီအကြာမှာတော့ ကောင်လေးက လူ့ လောကကြီး ကနေထွက်ခွာသွားပါတော့တယ် ၊ (မင်္ဂလာဆောင်ကျင်းပခဲ့တဲ့ ဆေးရုံနာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်းသိရှိခဲ့ရပါတယ်) အခုဗီဒီယိုလေးကတော့ ပြီးခဲ့တဲ့ ၁၁.၆.၂၀၁၄ ရက်နေ့ ကကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ပွဲမှတ်တမ်းပဲဖြစ်ပါတယ် ၊ အချစ်စစ်ကိုတန်ဖိုးထားသူတိုင်း အချစ်စစ်ရဲ့ တန်ဖိုးကို ကိုယ်တိုင်သိနားလည်ခံစားနိုင်စေရန်ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်


 Credit to  PHAYATHONEZU CITY IMAGE GALLERIES

ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ

No comments:

Post a Comment