OUT OF SPACE ERROR


Android ဖုန်းအများစုမှာ application သို့ မဟုတ် game များထည့်သွင်းတဲ့အခါ ကြုံတွေ့ ရတတ်တဲ့ ပြသာနာတခုပါ ၊ အဲဒီလို error တက်လာရင်ဖြေရှင်းဖို့ ကတော့

Flashlight LED application ကို install လုပ်တော့အပေါ်ပုံမှာပြထားတဲ့အတိုင်း error တက်လာတာပါပဲ ၊ တခြား application တွေကို ဖျက်လည်းမရပါဘူး ၊ ဒါကိုဖြေရှင်းဖို့ အတွက် သင့်ဖုန်းမှာ Root access ရှိရပါမယ် ၊ Root Explorer လည်းရှိရပါမယ် ၊ မရှိရင် ဒီနေရာ မှာရယူနိုင်ပါတယ် ၊ Root Explorer ကိုဖွင့်ပါ ၊ ပုံမှာအနီရောင်ဖြင့် ၀ိုင်းပြထားတဲ့အတိုင်း data ကိုရှာပါ


Data ထဲကမှ app ကိုထပ်ရှာပါ ၊ အခုဟာက application သွင်းမရတဲ့အတွက် app ကိုရှာရတာပါ ၊ Game သွင်းလို့ မရဘူးဆိုရင်တော့ game ကိုရှာရမှာပါ ၊


app ထဲကိုရောက်ရင် ကိုသွင်းလို့ မရတဲ့ application နာမည်ပါတဲ့ .odex နဲ့ ဆုံးတဲ့ ဖိုင်ကိုရှာပါ ၊ တွေ့ ရင်အဲဒီဖိုင်ပေါ်မှာ ခဏဖိထားလိုက်ပါ ၊ menu တခုထွက်လာပါလိမ့်မယ် ၊ Delete ကိုရွေးလိုက်ပါ ၊ ပြီးရင်တော့ စောနကသွင်းလို့ မရတဲ့ဖိုင်ကိုပြန်သွင်းကြည့်လိုက်ပါ ၊ အဆင်ပြေသွားပါလိမ့်မယ်


ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ

No comments:

Post a Comment